သတင်းတို

ရန်ကုန်- မန္တလေး အဝေးပြေးကားမှောက် ၉ ဦး သေဆုံး

This article has been converted from Zawgyi One to Unicode

ရန်ကုန်- မန္တလေး ပြေးဆွဲနေသည့် ခရီးသည် ၃၅ ဦးသယ်ဆောင်လာသော နယူးမန္တလာထွန်း ၆ဂ/၃၉၈၆ သည် ယမန်နေ့နံနက် ၄ နာရီ ခွဲခန့်က တံတားဦးမြို့နယ် မိုင်တိုင် ၃၃၅ အနီး တိမ်းမှောက်သွားရာ ခရီးသည် ၉ ဦး ပွဲချင်းပြီး သေဆုံး၍၂၄ ဦး ဒဏ်ရာရသွား ကြောင်း သတင်းရသည်။ သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို စေတနာ၊ ချမ်းမြသုခ၊ စိတ္တသုခ၊ မဟာမြိုင်၊ အမရသုခ၊ မြင့်မြတ်သူ စသည့် နာမှုကူညီရေး အသင်းများ၏ ကူညီမှုဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Loading