မြန်မာ အစိုးရက အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ယနေ့ ထပ်မံကြေညာဖွယ်ရှိကြောင်း သိရသည်။ ယင်းသို့ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများလည်း ပါမည်ဖြစ်သည်ဟု အစိုးရ အရာရှိများကို ကိုးကား၍ AFP သတင်း၌ ရေးထားသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကလည်း အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် မေတ္တာရပ်ခံသည့် အိတ်ဖွင့်ပေးစာတစောင်ကို စနေနေ့က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင်ပါရှိသည်။ ထိုအိတ်ဖွင့်ပေးစာ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၅၀၀ ခန့်ရှိပြီး ၂၀၀ ကျော် လွှတ်ပေးခဲ့ပြီး ဖြစ်သည် ဟုလည်း ဖော်ပြထားသည်။ အောက်တိုဘာ ၁၂ ရက်က ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။