သတင်းတို

မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးရန် အာဆီယံကို AIPMC တောင်းဆို

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ယခုအပတ်အတွင်း ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲ၌ ထည့်သွင်း ဆွေးနွေးရန် မြန်မာ့ရေးရာ အာဆီယံ အမတ်များ(AIPMC)အဖွဲ့က အာဆီယံ ခေါင်းဆောင်များကို ယနေ့ တောင်းဆိုလိုက်သည်။ ဒီမို ကရေစီ လုပ်ငန်းစဉ်အရ အဓိပ္ပာယ်ပြည့်ဝသောပြယုဂ်အဖြစ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုသည် မရှိမဖြစ်လိုအပ်သည်ဟုလည်း AIPMC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Loading