ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း တနှစ်ပြည့် အနေနှင့် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ သတင်းစာ ရှင်း လင်းပွဲ ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ မှတ်ပုံတင်ခြင်း နှင့် ရွေးကောက်ပွဲ ဝင်ရေး ကိစ္စများကို မမေးမြန်းရန်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် တိုင်းရင်းသား အရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။