သတင်းတို

မန္တလေး မဟာမြတ်မုနိဘုရားတွင် သံဃာ ၅ ပါး ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှိ ဗုဒ္ဓဝင်ပြတိုက်တွင် သံဃာ၅ ပါးက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး အတွက် ယနေနံနက် ၅ နာရီခွဲခန့်မှ စတင်၍ ဆန္ဒပြနေကြောင်း သတင်းရသည်။ ဆန္ဒပြ သံဃာတော်များက နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်၊ သံဃာတော်များကို လွတ်လပ်စွာ တရားဟောပြောခွင့်ပေးရန်၊ ကချင်ပြည်စစ်ပွဲများနှင့် ပတ်သက်ပြီး တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်တို့ကို တောင်းဆိုဆန္ဒပြ နေကြောင်း၊ ဆရာတော်ကြီးများက လာရောက် မေးမြန်းရာတွင် တောင်းဆိုချက်များပါဝင်သည့် စာရွက်ကို လက်မှတ်ထိုး၍ သက်ဆိုင်ရာကို တင်ပြပေးရန် ပေးအပ်လိုက်ကြောင်း၊ ယခုအချိန်အထိ ဖမ်းဆီးနှောင့်ယှက်မှု တစုံတရာမရှိသေးကြောင်း ဆန္ဒပြနေသည့် သံဃာတော် တပါးက ဧရာဝတီသို့ မိန့်သည်။

Loading