အစိုးရက ယနေ့ထုတ် သတင်းစာများတွင် ကချင်ပြည်နယ်တွင်း အဖျက်အမှောင့် ပြုလုပ်မှု ဇယားချုပ်စာရင်း ခေါင်းစဉ်ဖြင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ၏ လုပ်ရပ်များကို ထုတ်ပြန်ထားသည်။ ယင်းစာရင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တံတားမိုင်းခွဲ ၁၀၅ ကြိမ်၊ ကားလမ်းမိုင်းခွဲ ၉ ကြိမ်၊ ရထားလမ်း မိုင်းခွဲ ၁၈ ကြိမ်၊ ယာဉ်/ယန္တရားမိုင်းခွဲ ၃ ကြိမ်၊ အဆောက်အအုံ မိုင်းခွဲ ၁၃ ကြိမ်၊ ပစ်ခတ်/ဓားဖြင့်ခုတ် ၃၁ ကြိမ်၊ မီးရှို့ဖျက်ဆီး ၆ ကြိမ်၊ ဖမ်းဆီး လူသစ်စု ၂၉၂ ဦး၊ KIA တိုက်ခိုက် ၍ အရပ်သား ထိခိုက် ဒဏ်ရာရ ၇၅ ဦး နှင့် သေဆုံးသူ ၃၃ ဦး၊ အဓမ္မ ဆက်ကြေးကောက်ခံမှု ၆ ကြိမ် ဟူ၍ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။