မြန်မာနိုင်ငံကို၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် အတည်ပြုလိုက်ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာ လီကျွန်း၌ ယနေ့စတင်ကျင်းပသော ၄၄ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ အတည်ပြုလိုက်ခြင်းဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ အာဆီယံ ဥက္ကဌ နိုင်ငံသည် အာဆီယံနိုင်ငံဝန်ကြီးများ အစည်းအဝေးများနှင့် အာဆီယံ ထိပ်သီး အစည်းအဝေးများကို တာဝန်ယူကျင်းပနိုင်ရမည်ဖြစ်ကြောင်း အာဆီယံ ပဋိညာဉ်တွင် ပါရှိသည်။ယင်း အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူရန် လက်ရှိမြန်မာ အစိုးရသစ် က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။