သတင်းတို

မြန်မာအသင်း အရှေ့တီမောကို ၁ ဂိုးပြတ်ဖြင့်နိုင်

This article has been converted from Zawgyi One to Unicode

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော၂၆ ကြိမ်မြောက် ဆီးဂိမ်း ယူ ၂၃ နှစ်အောက် ဘောလုံးပြိုင်ပွဲ၌ မြန်မာ အသင်းနှင့် အရှေ့တီမော အသင်းတို့ ယနေ့ ယှဉ်ပြိုင်ကစားရာ မြန်မာ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်ကို လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ကျင်းပခဲ့ပြီး ဖြစ်သည့် အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ငွေနှင့် ကြေး ဆုတံဆိပ်ပေါင်း၂၂ ခုရရှိထားကြောင်း ဆီးဂိမ်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Loading