မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများ ပြည်တွင်း သတင်းဂျာနယ်များတွင် ဆင်ဆာဖြတ်ခံရကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်၌ ကျင်းပသော နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည့် တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော“တရားဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာမရှိဘူး”၊ “အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ မဖြစ်ဖို့ထက် ပြည်သူတွေရဲ့ဘဝတွေတိုးတက် သာ ယာ ဖို့အရေးကြီးတယ်” “အခုတရားရေး မဏ္ဍိုင်က သန့်ရှင်းလွတ်လပ်မှု မရှိဘူးဆိုတာ အားလုံး သိတဲ့အတိုင်း”ဟူသည့် စကားများကို စပေစိစစ်ရေးက ဖြုတ်ပယ်ခြင်းဖြစ်သည်ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။