သတင်းတို
မန္တလေး ဆန္ဒပြသံဃာများ ငြိမ်းချမ်းရေးတရားပွဲ ကျင်းပ
This article has been converted from Zawgyi One to Unicode
မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၌ ယမန်နေ့က ဆန္ဒပြသည့် သံဃာ ၅ ပါးသည် ယနေ့ နေ့လယ်ပိုင်းတွင် မစိုးရိမ် တိုက်ဟောင်း၌ ငြိမ်းချမ်းရေး တရားဟောပြောပွဲ ပြုလုပ်ရာ လူပရိသတ် ရာချီတက်ရောက်ကြောင်း သတင်းရသည်။ ယင်းတရားပွဲ အပြီးတွင် ဆရာ တော်ကြီးများ မိန့်ကြားသည့် မစိုးရိမ်ကျောင်းတိုက် စည်းကမ်းချက်များနှင့် တခြားသော သံဃာများကို အနှောင့်အယှက် မဖြစ်စေ ရန် မဟာမြတ်မုနိ ဘုရားကြီးရှိ ပိဋိကပါလ ရေတော်တိုက်သို့ နေရာရွှေ့၍ ခေတ္တ သတင်းသုံးမည်ဟု သိရှိရသည်။