ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးအဖွဲ့မှ တရားရင်ဆိုင်နေရဆဲဖြစ်သော ၃ ဦးကို အက်ဒမန် နီကိုဘာ ကျွန်းစု ပို့တ်ဘလဲမြို့ တရားရေးရုံးက တရားသေ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၀ပြည့်နှစ် မေလ ၁၉ ရက်က အခြား တော် လှန်ရေးသမား ၃၁ ဦး ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော်လည်း ကိုမောင်နိုင်၊ ကိုလုလုနှင့် ကိုဟေလီတို့ ၃ ဦးမှာ ထောင်အာဏာပိုင်များနှင့် အချင်းများမှု ကျန်ရှိနေသောကြောင့် ဆက်လက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ ၎င်းတို့သည် ထောင်ဒဏ် ၁၃ နှစ်ကျော် ကျခံခဲ့ပြီးဖြစ်၍ အမှုများကို ဖြတ်ပေးလိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးသမားများအဖွဲ့မှ ကိုဓညလင်းက ပြောသည်။ တော်လှန်ရေးသမား ၃၄ ဦးမှာ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ(NUPA)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် အိန္ဒိယရေတပ်၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။