သတင်းတို
သမ္မတ ဦးသိန်းစိန် အာဆီယံ အစည်းအဝေးတက်
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ယနေ့စတင် ဖွင့်လှစ်သော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ယမန်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။ အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလို ဘန်ဘန်း ယူဒိုယိုနို ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်း၊ ဒု နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမျိုးမြင့်၊ ကျန်းမာရေး ဒု ဝန်ကြီး ဒေါက် တာ ဝင်းမြင့် နှင့် သမ္မတ အကြံပေးအဖွဲ့ဝင်များ လိုက်ပါသွားကြောင်းလည်း သိရသည်။