ိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရ ကိုယ်စားလှယ်များ ပဏာမထပ်မံတွေ့ဆုံမှုကို လာမည့် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။
ထို တွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည်ဖြစ်ပြီး KNU ကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထောနှင့် ပဒိုစောအားတိုး တို့ ပါဝင်မည်ဖြစ်ကြောင်း KNU က ပြောသည်။
KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ကို ဖွဲ့ စည်းခဲ့သည်။
ယင်းအဖွဲ့သည် အစိုးရနှင့်တွေ့ဆုံမည့် KNU ကိုယ်စားလှယ်များကို ကြီးကြပ်မည်ဖြစ်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များကို လည်း ရွေးချယ်တာဝန်ပေးအပ်မည့် အဖွဲ့ဖြစ်သည်ဟု KNU ဒု ဥက္ကဌ ပဒို ဒေးဗစ် သာကဘော က ပြောပြသည်။
၎င်းက“အခုထပ်တွေ့တာ အလွတ်သဘော တွေ့တာပဲဖြစ်တယ်၊ တကယ် ဆွေးနွေးကြတဲ့အခါကျရင် KNU အနေနဲ့တပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်သားဒေသတွေမှာ ထိုးစစ် ရပ်ဆိုင်းရေးနဲ့၊ အပစ်အခတ် ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ့် တောင်းဆိုချက်တွေကို တောင်းဆိုသွားမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ဆွေးနွေးမှုများကိုလည်း KNU အပါအဝင် အမာခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ အပါအဝင် ဆက်စပ် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့နှင့် ယခုနှစ်ဆန်းပိုင်းက ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့အနေနှင့်သာ ဆွေးနွေးနိုင်မည်ဟုလည်း ပဒို ဒေးဗစ် သာကဘော က ဖြည့်စွက်ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန် မြန်မာအစိုးရက စေလွှတ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့သည် ယခင်လ ၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် KNU ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမ အလွတ်ဆွေနွေးပွဲတရပ်ကို ဆွေးနွေး ခဲ့ကြသေးသည်။
KNUအဖွဲ့သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှစတင် ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ (၆၂) နှစ်ရှိပြီ ဖြစ်သည်။