သတင်းတို

မန္တလေး ဆန္ဒပြသံဃာ ၅ ပါး မုံရွာသို့ ထွက်ခွာ

This article has been converted from Zawgyi One to Unicode

မန္တလေးတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တရားပွဲများပြုလုပ်နေသော ဆန္ဒပြသံဃာ ၅ ပါးသည် ယနေ့နေ့လယ်တွင် မုံရွာသို့ ထွက်ခွာသွားပြီဟု သတင်းရရှိသည်။ ယနေ့တွင် မန္တလေး၌ လှုပ်ရှားမှုတစုံတရာ မလုပ်ဖြစ်ကြောင်း၊ နေ့လယ်ပိုင်းက မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က ခေါ်ယူ တွေ့ဆုံ၍ နေရပ်ဇာတိသို့ ပြန်ကြွရန်၊ ခွင့်ပြုချက် တစုံ တရာ မရှိဘဲ တရားပွဲများ ထပ်မံမပြုလုပ်ရန် တားမြစ်ကြောင်း ဆန္ဒပြသံဃာတပါးဖြစ်သည့် ဦးစန္ဒိမာ က မိန့်သည်။ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုများကို ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

Loading