သတင်းတို

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရန် ဗြီတိသျှ ဝန်ကြီးပြော

This article has been converted from Zawgyi One to Unicode

ဗြီတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဝန်ကြီး အင်ဒရူး မစ်ချယ်က နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရန်လည်း တိုက်တွန်းသည်ဟု AFP သတင်းတွင် ယနေ့ ရေးသည်။ မြန်မာနိုင်ငံ အနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆက်လုပ်ပါက ဗြိတိန်နိုင်ငံကလည်း ဆက်ဆံရေး အပြောင်းအလဲများပြုလုပ်ရန်အသင့် ရှိကြောင်း ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဗြီတိသျှ ဝန်ကြီးက ပြောဆိုသည်ဟုလည်း ပါရှိသည်။

Loading