အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့ ညပိုင်းက တယ်လီဖုန်းဖြင့် စကားပြောဆိုကြောင်း သိရ သည်။ ထိုသို့ ပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်၏ မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် ထားရှိသော တိုက်ရိုက် ထိတွေ့ဆက်ဆံရေး ပေါ်လစီကို ထောက်ခံကြောင်း အိုဘားမားကို ပြောသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ ယင်း တယ်လီဖုန်းပြောဆိုမှုကို အိုဘားမားက သြစတြေးလျနိုင်ငံမှ အင်ဒိုနီးရှား နိုင်ငံသို့ သွားသည့်ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။