သတင်းတို

ဟီလာရီ ကလင်တန် နောက်လ မြန်မာပြည် သွားမည်

This article has been converted from Zawgyi One to Unicode

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် သည် လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ် သည်။ ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမားက ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထုတ်ဖော်ပြော ဆိုခြင်းဖြစ်ကြောင်း AP သတင်း၌ ရေးထားသည်။ ယခု ခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦး၏ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည် ဟုလည်း ဆိုသည်။

Loading