ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် အစည်းအဝေးမှ NLD ပါတီ မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။ နိုင်ငံတဝန်းမှ အစည်းအဝေး တက်ရောက်လာသော ဗဟိုကော်မတီဝင် ၁၀၀ ကျော်က သဘောတူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဟုလည်း ပါတီခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားကြောင်း NLD အသိုင်းအဝိုင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။