သတင်းတို

ရခိုင်လူငယ် အကျဉ်းသား ၂ ဦးလွတ်မြောက်

This article has been converted from Zawgyi One to Unicode

ပြည်ပမှ တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဟု အာဏာပိုင်များက စွပ်စွဲ၍ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သော ရခိုင်လူငယ် ကိုဇော်ထွန်းနိုင်နှင့် ကိုခိုင်ကျော်မိုးတို့သည် လွတ်ရက်စေ့သောကြောင့် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် လာသည်။ အကျဉ်းထောင်ထဲတွင်၂ နှစ်ခန့် နေခဲ့ရပြီး ကျန် ၁ နှစ်ကို အစိုးရက လွတ်ငြိမ်းသက်သာခွင့် ပေးသောကြောင့် ပြန်လွတ် လာသည်ဟု ကိုခိုင်ကျော်မိုးကပြောသည်။ ရဲ အထူး သတင်း တပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် တခြားသော ရခိုင် လူငယ် ၉ ဦး နှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Loading