ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရ သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ၌ သမ္မတ ဦးသိန်းစိန်နှင့် စနေနေ့က တွေ့ဆုံပြီးနောက် မစ္စတာ ဘန်ကီမွန်းက ပြောကြားခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး နှင့် စီးပွားရေးပြောင်းလဲမှုများ လုပ်ဆောင်နေသည်ကို ကြိုဆိုသည်ဟုလည်း မစ္စတာ ဘန်ကီမွန်း ပြောဆိုကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။