သတင်းတို

လူထုအတွက် NLD မှတ်ပုံတင်ရန် ဆုံးဖြတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီပြန်လည် မှတ်ပုံတင်ရန် ဆုံးဖြတ်ခြင်းသည် လူထုအတွက် မှန်ကန်သော လမ်းစဉ်အဖြစ် ယူဆ၍ စွန့်စား လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ယနေ့ပြောဆိုလိုက်သည်။ ပညာရေးကွန်ရက် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ ကမာရွတ်မြို့နယ်ရှိ ယုဒသန်ရိပ်သာ၌ကျင်းပသော ပညာရေးဆိုင်ရာ ရန်ပုံငွေရှာဖွေပွဲ အခမ်းအနား မိန့်ခွန်းတွင် ထိုသို့ ပြောခြင်း ဖြစ်သည်။ ယင်းရန်ပုံငွေပွဲ၌ နာမည်ကြီး အနုပညာရှင်များ၏ ဖျော်ဖြေမှု၊ မျက်လှည့်ဖျော်ဖြေမှု နှင့် ဈေးရောင်းပွဲ စသည့် အစီအစဉ်များလည်း ပါဝင်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ တဦး က ပြောသည်။

Loading