သတင်းတို
လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် ကုလသမဂ္ဂ တောင်းဆို
This article has been converted from Zawgyi One to Unicode
အမေရိကန်နိုင်ငံ နယူးရောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာနိုင်ငံတွင် စိုးရိမ်ဖွယ်ရာ လူ့အခွင့် အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို ရပ်ဆိုင်းပေးရန် တောင်းဆိုလိုက်သည်။ နိုင်ငံရေး အကျဉ်းသားများလွှတ်ရန်၊ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းရန်လည်း အစိုးရကို တောင်းဆိုထားသည်။ ယင်းညီလာခံ၏ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီတွင် တနလာၤနေ့က မြောက်ကိုရီးယား၊ အီရန်နှင့် မြန်မာ နိုင်ငံတို့၏ လူ့အခွင့်အရေး အခြေ အနေများနှင့် ပတ်သက်ပြီး မဲခွဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။