မီဒီယာ ဥပဒေသစ်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဖော်ပြချက်များကို ဆင်ဆာ ဖြတ်တော့မည် မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံ သားတိုင်း၏ အခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းကပြောကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် နိုင်ငံတကာ ညီလာခံ အတွင်း စနေနေ့က အလွတ် သဘော ပြောဆိုခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။