သတင်းတို
ကိုဝင်းမော် အကျဉ်းကျအနုပညာ ဖန်တီးရှင်ဆုရရှိ
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွင် ထောင်ဒဏ် ၁၇နှစ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ကိုဝင်းမော်ကို စကာၤပူ အ ခြေစိုက် Freedom to Create အဖွဲ့က အကျဉ်းကျ အနုပညာ ဖန်တီးရှင်ဆု ချီးမြှင့်သည်။ ထိုဆုကို နိုဝင်ဘာ ၁၉ ရက်နေ့က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့တွင် အခမ်းအနားဖြင့်ပေးအပ်ခဲ့ပြီးကိုဝင်းမော်ကိုယ်စား နိုင်ငံရေး အကျဉ်းသား ဟောင်း ကိုအောင်ကြီးက လက်ခံ ယူခဲ့သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသော ဗီဒီယိုမိန့်ခွန်းကို လည်းပြသကြောင်း သိရသည်။ ကိုဝင်းမော်ကို၂၀၀၇ နိုဝင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်း ဌာနသို့ သတင်းပေးပို့မူဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။