သတင်းတို

ပြင်သစ် လူ့အခွင့်အရေးဝန်ကြီး မြန်မာပြည်ရောက်

This article has been converted from Zawgyi One to Unicode

ပြင်သစ်နိုင်ငံ လူ့အခွင့်အရေးဝန်ကြီး မစ္စတာ ဖရန်စွာ ဒမွန့်တ်ရေးက မြန်မာပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့(NGO) ကိုယ်စားလှယ် ၁၅ ဦးနှင့် ယမန်နေ့က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။ လယ်ယာမြေ သိမ်းဆည်းမှု၊ ကလေးသူငယ် ဆိုင်ရာအခွင့် အရေး၊ ကလေးစစ်သား စုဆောင်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ၊ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာများ နှင့် ပြင်သစ်နိုင်ငံက အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့ သူတဦးက ပြောသည်။ ပြင်သစ် ဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ၎င်းမှာ ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့တွင် နေပြည်တော်သို့ သွား ရောက်၍ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။

Loading