အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သိရသည်။ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က အမေရိကန် သမ္မတအိမ်ဖြူတော်၌ နိုင်ငံခြားသတင်းထောက်များနှင့် ယနေ့တွေ့ဆုံရာတွင် ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာ နေ့ကလည်း ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်မရှိသေးကြောင်း Fox news သို့ ပြောဆိုထားသည်။ မစ္စ ဟီလာရီသည် လာမည့် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ယင်း ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ အိုဘားမားက ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု ခရီးစဉ် သည် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦး၏ ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။