သတင်းတို
ဟီလာရီ ကလင်တန် ယခုလကုန် မြန်မာနိုင်ငံရောက်မည်
This article has been converted from Zawgyi One to Unicode
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် လာမည့် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂ ရက်နေ့အထိ မြန်မာနိုင်ငံ သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ခရီးစဉ်သည် နှစ် ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦး၏ ပထမ ဆုံး ခရီးဖြစ်ပြီး သမ္မတ အိုဘားမား အစိုးရအဖွဲ့၏ မြန်မာနိုင်ငံအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ အရ သွားရောက်ခြင်း ဖြစ်သည်။ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ မရောက်မီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် အဆင့်မြင့် အရာရှိများ တက်ရောက်မည့် တောင်ကိုရီးယားနိုင်ငံ ဘူစန်မြို့တွင် ကျင်းပသော အကူအညီ ပေးရေး ဆိုင်ရာ ၄ ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်ဟု ဆိုသည်။