ကမ္ဘာပေါ်တွင် မြှေုပ်မိုင်း အသုံးပြုမှုသည် ပြီးခဲ့သည့် ၇ နှစ်အတွင်း ယခုနှစ်သည်အများဆုံးဖြစ်ကြောင်း နိုင်ငံတကာမြေမြှုပ်မိုင်းလေ့ လာစောင့်ကြည့်ရေး အဖွဲ့(ICBL)က ပြောဆိုလိုက်သည်။ အစ္စရေး၊ လစ်ဗျား၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံ တို့သည် အချိန်ကြာမြင့်စွာကပင် မြေမြှုပ်မိုင်း အသုံးပြုလာခဲ့ကြောင်း၊ မကြာသေးခင်ကအထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိကြောင်း လည်း ဆိုသည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်သောင်းကျန်းသူများ၂ ဘက်စလုံးက မြေမြှုပ်မိုင်း အသုံးပြုကြောင်း၊ ယင်းမြေ
မြှုပ်မိုင်း အသုံးပြုမှုနှင့် ပတ်သက်ပြီး ၁၉၉၉ ခုနှစ်က ယနေ့အထိ ICBL က ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။