• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ် ၂၄ နာရီ မီးရရှိရေး RNDP ဆောင်ရွက်မည်

by ခင်ဦးသာ
24 November 2011
in သတင်း
A A
ရခိုင်ပြည်နယ် ၂၄ နာရီ မီးရရှိရေး RNDP ဆောင်ရွက်မည်

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု အမှတ်တံဆိပ်(ဓာတ်ပုံ - နိရဉ္ဖရာ)

1.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ကမ်းလွန်ဒေသမှထုတ်လုပ်မည့် ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က ကော်မတီတရပ်ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဟု သိရသည်။

“လျှပ်စစ်မီးရရှိရေး ကိစ္စကို ပါတီအနေနဲ့ကတော့ ဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်သွားမှာပါ၊ တနိုင်ငံလုံးမှာ မရှိတဲ့ မီတာ နှှုန်းထားခ ကြီးမြင့်နေမှု ကိုလည်းပဲ လျှော့ချနိုင်အောင် အာဏာပိုင်တွေနဲ့ ညှိနှှိုင်းသွားဖို့ရှိပါတယ်”ဟု ပါတီ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုးက ဆိုသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
850
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
48
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2k
ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု အမှတ်တံဆိပ်(ဓာတ်ပုံ - နိရဉ္ဖရာ)

စစ်တွေမြို့မှအပ ကျန်မြို့နယ်များ၌ တနေ့လျှင် လျှပ်စစ်မီး ၅ နာရီဝန်းကျင်သာ ရရှိကြောင်း သိရပြီး ၁၀ ယူနစ်ထက်ကျော်လွန် ပါက မီတာ တယူနစ်လျှင် ကျပ် ၄၀၀ မှ ၆၀၀ ဝန်းကျင်ထိ နေရာဒေသအလိုက် ပေးဆောင်နေရကြောင်း ရခိုင် ဒေသခံများက
ပြောသည်။

လျှပ်စစ်မီးရရှိရေး၊ မီတာခလျှော့ရေး၊ အဓ္ဓမသိမ်းယူထားသည့် လယ်ယာမြေများ စသည့်အကြောင်းအရာများကို ပြည်နယ် လွှတ်တော် အစည်းအဝေးများ၌ တင်ပြဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စုအဆင့် တင်ပြသွားမည်ဟုသာ ဖြေဆိုကြောင်း
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့ကပြောသည်။

“ပြည်ထောင်စုလွှတ်တော်တွေလိုပါပဲ မေးတာတမျိုး၊ ဖြေတာတခြားတွေပါ၊ အများစုက မအောင်မြင်ပါဘူး၊ အကုန်လုံးနီးပါးက ဗဟိုက ချုပ်ကိုင်ထားတာဆိုတော့ အဆိုတွေ၊ မေးခွန်းတွေ အများစုဟာ မအောင်မြင်ပါ”ဟု RNDP ၏ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

မီတာနှှုန်းထားလျော့ကျရေးနှင့်ပတ်သက်၍ ၎င်းက “မီးအမြဲတမ်းရပြီး တယူနစ် ၄၅၀ ကျပ်၊  ၅၀၀ ကျပ်ဆိုရင်လည်းပဲ ဘယ် သူမှ သုံးစွဲနိုင်မှာမဟုတ်ဘူး၊  ဒီတော့ မီတာခ လျှော့ကျဖို့အတွက် အစိုးရနဲ့ ပူးပေါင်းပြီးအဓိကလုပ်ဆောင်ရဦးမှာပါ”ဟု ဆို သည်။

RNDP ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဝင်း က လည်း ၂၄ နာရီလျှပ်စစ်မီး ရရှိရေး စာတမ်း တစောင်အား စစ်တွေမြို့၌ နိုဝင်ဘာလ ၁၃ ရက်နေ့ က ဖတ်ကြားခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်တပြည်လုံး၌ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ဒေသခံလူငယ် များဦးဆောင်၍ လူစည်ကားရာ နေရာများ၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်နေ့၊ အမျိုးသားနေ့ တို့တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် တချို့၌ လှှုပ်ရှားဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြသည်။

၂၄ နာရီလျှပ်စစ်မီး ရရှိရေးစာတန်းပါ တီရှပ်အကျႌများဝတ်ဆင်၍ လှှုပ်ရှားမှု တခုကို နိုဝင်ဘာလ ၂၀ ရက်နေ့ (အမျိုးသားနေ့) က စစ်တွေမြို့၌ လုပ်ဆောင်ခဲ့ရာ ၁၀ ဦးဝန်းကျင်ကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမှု ပြုလုပ်ခြင်း၊ တချို့ကို
ခေတ္တထိန်းသိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း ယနေ့တွင် အားလုံးပြန်လည် လွတ်မြောက်သွားပြီဟု လှှုပ်ရှားမှုတွင်ပါ ဝင်ခဲ့သူ  တချို့က ပြောသည်။

“ဆန္ဒပြမယ့် ကိစ္စကို အာဏာပိုင်တွေက ကြိုသိသွားတော့ လက်ဦးမှုရသွားခဲ့ပါတယ်၊ တီရှပ် အကျႌတွေ အကုန်သိမ်း သွားပါ တယ်၊ ဒီလို ခြိမ်းခြောက်မှုတွေ လုပ်ပေမယ့် ရပ်တန့်သွားဖို့အစီအစဉ်မရှိပါဘူး၊ အခွင့်ရရင် ရသလို ဆောင်ရွက်သွားမှာပါ”ဟု
ဦးဆောင်ပါဝင်ခဲ့သူ တဦးက ရှင်းပြသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ မြို့နယ်များအပြင် ရန်ကုန်၊ ပဲခူး၊ ကျောက်ပန်းတောင်း၊ မန္တလေးမြို့တို့တွင် တီရှပ်အကျႌများ ဖြန့်ဝေမှု တပြိုင်တည်း လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။

ထိုလှှုပ်ရှားမှုများသည် ပြည်ထောင်စုအဆင့် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှထွက်သော ဂက်စ် အား လုံးကို တရုတ်နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီးဖြစ်၍ ရခိုင်ဒေသကိုမီးပေးရန်အစီ အစဉ်မရှိဟုပြောဆိုခဲ့ပြီးနောက်ပိုင်း တွင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရခိုင်ကမ်းလွန်ဒေသရှိ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော စွမ်းအင် အ သုံးပြု၍ ဒေသခံပြည်သူများအတွက် လျှပ်စစ်ဓာတ်အားပေးရန် ရှိမရှိ RNDP ပါတီမှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးဘရှိန်က စက်တင်ဘာလ ၂၇ ရက်နေ့လွှတ်တော်တွင် မေးမြန်းခဲ့ရာ ဦးသန်းဌေးက အထက်ပါအတိုင်းဖြေဆိုခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော ဂက်စ်များကို တရုတ်နိုင်ငံက နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့်ရမည်ဖြစ်ပြီး၊ မြန်မာအစိုးရသည်လည်း အမေရိကန်ဒေါ်လာ တနှစ်လျှင် ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ်ရရှိမည်ဖြစ်ကြောင်း Shwe Gas Movement အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ရေနံသိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက် ရုံစသည့်ဖြင့် စီမံကိန်းအများအပြားကို တရုတ်နိုင်ငံ၏အကြီးဆုံးကုမ္ပဏီတခုဖြစ်သော ( China National Petroleum Corporation-CNPC )က အဓိက တာဝန်ယူတည်ဆောက်လျက်ရှိသည်။

ကိုးရီးယားပိုင် ဒေဝူး၊ ဟွန်ဒိုင်း၊ အိန္ဒိယ၊ မလေး၊ ဖိလစ်ပိုင် ကုမ္ပဏီများနှင့်မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသ ရဖူ၊ 7-Star, PSC, Myint and Association စသည့် ကုမ္ပဏီများသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ဆက် စပ်နေ သော တည်ဆောက်ရေး လုပ်ငန်းတချို့တွင် လုပ်ဆောင် နေကြသည်။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
Dateline Irrawaddy (ရုပ်သံ)

Dateline Irrawaddy (ရုပ်သံ)

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု အစိုးရသတင်းစာ၌ ဖော်ပြ

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု အစိုးရသတင်းစာ၌ ဖော်ပြ

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.8k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate