သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ဦးအောင်သန်း ကွယ်လွန် နှစ်၂၀ ပြည့် ဆွမ်းကျွေး သွားရောက်

This article has been converted from Zawgyi One to Unicode

လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း၏ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ဆွမ်းကျွေး အလှူသို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။ ဦးတင်ဦး၊ ဦးဝင်းထိန် အစရှိသည့် အဖွဲ့ချုပ် ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ အဖွဲ့ချုပ်ဝင်များ သွားရောက်ကြကြောင်း သတင်းရရှိသည်။ ဆွမ်းကျွေး အလှူကို ကျန်ရစ်သူ မိသားစုများနေထိုင်ရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ နေအိမ်တွင် နံနက် ၈ နာရီမှ နေ့လည် ၁၁ နာရီအထိပြုလုပ်ခဲ့သည်။ ဦးအောင်သန်းသည် အသက် ၈၁ နှစ် အရွယ် ၁၉၉၁ ခုနှစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Loading