ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ပုံးထွန် ရပ်ကွက်ရှိ ဦးပေါက်စီ ပိုင်ဆိုင်သော ရွှေရည် ကုန်စုံဆိုင်၏ ပစ္စည်းသိုလှောင်ရုံ တွင် ဂက်စ်အိုးပေါက်ကွဲမှုတခု ယနေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ရာ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း မြို့ခံများက ဆိုသည်။ ကုန်ပစ္စည်း များ သိုလှောင်ထားရာ ဂိုဒေါင်အတွင်း ဂက်စ်အိုး ၃ လုံး ဆင့်ကဲ ပေါက်ကွဲမှုကြောင့် ငလျင်ဒဏ် ခံစားခဲ့ရသည့် မြို့ခံများမှာ ထိတ်လန့် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကားတချို့ ရောက်လာကာ မီးငြိမ်းသတ်နေကြောင်း သတင်းရရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။