ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ခွဲထွက်အဖွဲ့ဝင်တချို့က ပြန်ပေးဆွဲ ထားသော ထိုင်း အမျိုးသမီး ၃ ဦးမှ ကျန် ၁ ဦးကို ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ ထိုင်း ဘတ်ငွေ ၁၅ သိန်းဖြင့် ယခုလ ၁၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များ ကြားဝင်ဆောင်ရွက်ပေးခဲ့သောကြောင့် အမျိုးသမီး၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ် သည်။ ကျန် ၁ ဦးကိုမူ လတ်တလော မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရှိရသေးပေ။ ပြန်ပေးဆွဲ အဖွဲ့သည် အင်အား ၁၀ ဦးကျော်ဖြင့် လွန်ခဲ့သည့်နှစ်က အစိုးရထံ သွားရောက် လက်နက်ချခဲ့သည့် ကရင်ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၇၇) ဟု အမည်ပေးထားသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။