သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက် လာသော လူရွှင်တော် ဇာဂနာ အား အစိုးရက ပြည်ပ ခရီး ထွက် ရန် အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်သည်။ လူရွှင်တော် ဇာဂနာကို ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများက ရုပ်ရှင်ဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလ လယ်ခန့်တွင် လာရောက်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။ ။ ဇာဂနာသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၅ နှစ်ကျခံနေရာမှ အောက်တိုဘာ ၁၂ ရက်တွင် ပြန်လည် လွတ်မြောက်ခြင်းဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။