မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် လာရောက်မည့် ခရီးစဉ်အား မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင်ကကြိုဆိုလိုက်သည်။ နိုင်ငံတကာ အသိုက်အဝန်း၏ ထောက်ခံအားပေးကူညီမှုတို့သည် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်း စဉ်ကို ပံ့ပိုးရာရောက်သဖြင့် ကြိုဆိုရခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန် ထားသည်။ နှစ် ၅၀ အတွင်း ယခုကဲ့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက် ခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မြင့်မားစေရန် လမ်းစ ဖော်နိုင် ကြောင်း၊ မြန်မာ နိုင်ငံ၌ ဒီမိုကရေစီ လူ့ အဖွဲ့ အစည်း တရပ်တည်ထောင်ရေး အတွက် အပြုသဘော ဆောင်သော အခြေအနေများ ဖြစ်ပေါ် စေမည် ဟု မျှော်လင့်ကြောင်း လည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။