အင်းလေးကန်ဒေသရှိ ခရမ်းချဉ်သီး စိုက်ပျိုးမှုတွင် ဓာတုဗေဒဆေးများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် သဘာ၀ ပတ်ဝန်းကျင်ကု ိထိခိုက် စေနိုင်သည့် အကြောင်း Documentry ရိုက်ကူး ထားသည့် “အင်းသီး”ဇာတ်ကားကို မြန်မာပြည်သူများ ကြည့်ရှုနိုင်ရန် သင့်လျော်သော ဈေးနှုန်းဖြင့် ထုတ်လုပ် ဖြန့်ချိတော့မည်ဟ ုသိရသည်။
“အခု ဆင်ဆာဘုတ်အဖွဲ့ကို တင်ဖို့လုပ်နေပါပြီ။ TV Channel တွေမှာ မပြရလို့ အပြင်မှာ ကြည့်လို့ရအောင် အခွေ ထုတ်ဖို့ စီစဉ်တာပါ”ဟုအဆိုပါ ဇာတ်ကား ကို ဖန်တီးသူ ဒါရိုက်တာမင်းထင်ကိုကိုကြီး က ဧရာဝတီ ကို ပြောသည်။
အင်္ဂလိပ် စာတန်းထိုးထားသည့် အင်းသီး ဇာတ်ကားကို ပြည်တွင်း ရုပ်သံလိုင်းတခု ဖြစ်သည့် Myanmar International (MI) တွင် ပြသခွင့်ရရန် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ က တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ပြသခွင့် မရရှိခဲ့ကြောင်း သိရသည်။
“ပေါ်လစီ အရဒီ ဇာတ်ကားကို ပြလို့မရဘူးလို့ပဲ ပြောပါတယ်။ ပုံမှန် ဆိုရင်တော့ ဘယ်ဟာ ကိုဖြုတ်ပေးပါ၊ဘာကို ဖြုတ်ပေးပါ ဆိုတာမျိုးသူတို့ လုပ်တတ်ပါတယ်။ အခုဟာက အဲဒီလို မျိုးဘာမှကု ိမပြောတာပါ။ ပြလို့မရဘူးဆိုတာ တခုတည်းနဲ့ပဲပြီးတာပါ”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။
၎င်းက မြန်မာနိုင်ငံတွင်Documentry ဇာတ်ကားများ ရိုက်ကူးခွင့်၊ ပြသခွင့်နှင့် ပတ်သက်ပြီးတရားဝင် ခွင့်ပြုပေးထားခြင်း မရှိသောကြောင့် ပြသခွင့်မပေးခြင်း ဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။
“Documentary တွေက ရိုက်ခွင့်ရလို့ ရိုက်နေကြတာ မဟုတ်ဘူး။မြန်မာပြည်မှာက ကိုယ့်ဘာသာကိုယ် အရဲစွန့်ပြီး ရိုက်နေ ကြတာပါ။ အကြောင်း အရာတခု ကို အရဲစွန့်ပြီး ရိုက်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ မဖြစ်ချင်မဖြစ်ဘူး။ ဥပမာဆရာ ဝသုန်ရဲ့နေ့စဉ် ဘဝကို ရိုက်တယ်ဆိုရင် အကြောင်းအရာကို အရဲစွန့်ပြီး လုပ်တာမဟုတ်ဘူး၊ မှတ်တမ်းအနေနဲ့ လုပ်တာပဲ။ဒါပေမယ့် ဒါတွေအားလုံးလည်း ရိုက်ခွင့်ရလို့ ရိုက်နေကြတာတော့ မဟုတ်ဘူး”ဟုသူက ရှင်းပြသည်။
အင်းသီး ဇာတ်ကားကို MI ရုပ်သံလိုင်းတွင်ပြသခွင့် မရသည့် အတွက နောက်ထပ်ရုပ် သံလိုင်းများ ဖြစ်သည့် MRTV၊ MRTV4 နှင့် မြဝတီ စသည့် ရုပ်သံလိုင်းများတွင်ပါ ပြသခွင့် ရနိုင်မည် မဟုတ်သောကြောင့် မတင်ပြဖြစ်ခဲ့ကြောင်း ဒါရိုက်တာက ဆိုသည်။
အဆိုပါ ဇာတ်ကားကို MI တွင်ပြသခွင့်ရရှိရေး အတွက် စီစဉ်ပေးသည့် ဗိုလ်မှူးသိန်းထွန်းအောင် က လည်း မြန်မာနိုင်ငံတွင်းပြသရန် ငွေကြေးကိစ္စညှိနှိုင်းရာ၌ ဒါရိုက်တာကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်သာ၍ ၎င်း ပါဝင်ခြင်းမရှိကြောင်း ပြောသည်။
“မပြ ဖြစ်တဲ့ ကိစ္စ ကတော့ ကျနော်တို့နဲ့မဆိုင်ပါဘူး” ဟုသူက ဆိုသည်။
အဆိုပါ ဇာတ်ကားကိုMI ရုပ်သံလိုင်းသို့တင်ပြစဉ်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ကိုယ်တိုင်က “ထားလိုက်ပါဦး”ဟု ပြောခြင်းကြောင့် ပြသခွင့် မပေးခြင်းဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
အင်းသီးဇာတ်ကားကိုထိုင်း၊ဗီယက်နမ်၊လာအို၊တောင်ကိုရီးယား၊အီတလီ၊ပြင်သစ်၊ဂျာမနီစသည့်နိုင်ငံများတွင်ပြသခဲ့ပြီး ဖြစ်ကာ ယခု နိုဝင်ဘာလကုန်ပိုင်းတွင်အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ် မြို့၌ ကျင်းပမည့်ရုပ်ရှင်ပွဲတော်တွင်သွားရောက် ပြသမည်ဖြစ်သည်။
၎င်း အင်းသီး ဇာတ်ကားသည်၂၀၁၀ အောက်တိုဘာလ က ဗီယက်နမ်နိုင်ငံ တွင်ပြုလုပ်သည့် Festival of Photos, Reportage Film and Documentary Film on the Countries and People in ASEAN တွင်Best Documentary 2010 အမျိုးအစား အတွက် ဒုတိယဆု ရရှိခဲ့သည်။
အဆိုပါ ဇာတ်ကား သည် အင်းလေး ဒေသတွင် ရှိသည့် ခရမ်းချဉ်သီး စိုက်ပျိုးမှု တွင ်အဓိကသုံးစွဲ နေသည့် ပိုးသတ်ဆေးများ၏ အန္တရာယ်၊ အင်းလေးကန ်ရေခန်းခြောက်လာသည့် အနေအထား၊အင်းလေးကန် အတွင်း၌ လက်ရှိဖြစ်ပေါ်နေသည့် သဘာ၀ ပတ်ဝန်းကျင် အခြေအနေ၊ အင်းလေးကန် အတွင်း နေထိုင်ကြသော အင်းသူအင်းသားများ၏ နေထိုင်မှု ဘ၀ များကို မှတ်တမ်း ရုပ်ရှင်အဖြစ်၂၀၀၉ ခုနှစ်ကရိုက်ကူးထားခြင်းဖြစ်သည်။