ရှမ်းပြည်နယ်မြောက်ပိုင်းရွှေလီမြစ်ပေါ်တွင် တည်ဆောက် နေသည့် ရေကာတာစီမံကိန်း အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀၀ ခန့်သည် ရေလွှမ်းမိုးမှုအပါအဝင် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း အစီရင်ခံစာတစောင်ကို ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က ယနေ့ ထုတ်ပြန်လိုက်သည်။ “ထိန်းချုပ်မှုအောက် က မြစ်ရွှေလီ”အမည်ရှိ ယင်း အစီရင်ခံစာ၌ ရွှေလီရေကာတာ အမှတ် ၃ တည်ဆောက်မည့်ဒေသအတွင်းရှိ မိုးလို၊ နားရုံး၊ နားယား၊ မိုးခပ်၊ နားဆော့ စသည့် ကျေးရွာဒေသခံများကို လာမည့် ၂၀၁၃ ခုနှစ်တွင် ပြောင်းရွှေ့ပေးရန် မိုးမိတ်မြို့နယ် အာဏာပိုင်များက အဓမ္မပြောင်းရွှေ့ခိုင်းထား ကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။