သာသနာ နှစ်၂၆၀၀ ပြည့်သည့် အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓ ညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၂၇ ရက် မှ ၃၀ ရက်အထိ ၄ ရက်ကြာ ကျင်းပနေပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ နီပေါ၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကျမ်းတတ်ပုဂ္ဂိုလ် ၉၀၀ ကျော်တို့ တက်ရောက်၍ ဘာသာ၊ သာသနာ ရေး ဆိုင်ရာများ ဆွေးနွေးပြောဆိုကြသည်။ မြန်မာနိုင်ငံမှ ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော်ကြီး၊ သီတဂူ ဆရာတော် အရှင် ဉာဏိဿရ အပါအဝင် ဆရာတော် သံဃာတော်များလည်း တက်ရောက်နေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။