ရန်ကုန်မြို့ NLD ရုံးချုပ်၌ မနက်ဖြန်ကျင်းပမည့် ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဝေဒနာရှင်များ အတွက် နာမည်ကြီး ဂီတအနုပညာရှင်များ သီဆိုထားသည့် သီချင်းခွေ ဖြန့်ချိရောင်းချမည် ဖြစ်သည်။ သီချင်း ၁၇ ပုဒ်ပါယင်း အခွေတွင် ကိုရဲလွင်၊ ကိုနေဝင်း၊ သားထွေး၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ ခင်ဘုန်း စသည့်အဆိုတော်များ ပါဝင်သီဆိုထားပြီး HIV/AIDS ဝေဒနာရှင်များ အတွက် ပထမဆုံး အကြိမ် ထုတ်ဝေသော သီချင်းခွေဖြစ်သည်ဟု ကူညီစောင့်ရှောက်ရေး ဆောင်ရွက်နေသည့် မဖြူဖြူသင်းက ပြောသည်။ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိကျင်းပမည့် အဆိုပါအခမ်းအနားကို ဒေါ်အောင် ဆန်းစုကြည်လည်း တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။