ယနေ့နံနက် ၁၀ နာရီက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ US ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် လူဦးရေ ၁၀၀ ကျော်တို့ ဆန္ဒပြခဲ့ ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်ရောက်နေစဉ်မှာ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် တိုင်းရင်းသားဒေသများရှိ တိုက်ပွဲများ ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အစရှိသည်တို့ကို တောင်းဆိုသည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။