ကမ္ဘာ့ ခုခံအားကျဆင်းသည့် ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို NLD ရုံးချုပ်တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က HIV/ AIDS ဝေဒနာရှင်များကို အားပေးစကား ပြောကြားပြီး ဝေဒနာရှင် များနှင့် မဖြူဖြူသင်း ဦးစီးနေသည့် စောင့်ရှောက်ရေး ဂေဟာကို အားလုံး ဝိုင်းဝန်းကူညီရန် ပြောဆိုခဲ့သည်။ အခမ်း အနားသို့ ဝေဒနာရှင်များအပါအဝင် နယ်ပယ်စုံမှ စုစုပေါင်း ၇၀၀ ခန့် တက်ရောက်သည်။ နာမည်ကျော် ဂီတအနုပညာ သမားများက ဖျော်ဖြေတင်ဆက်ခဲ့ပြီး အဆိုတော်များ၏သီချင်း ၁၇ ပုဒ်ပါ သီချင်းခွေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ ပြက္ခဒိန်နှင့် ဝေဒနာရှင်များ လုပ်ထားသည့် လက်မှုပစ္စည်းများကို ရန်ပုံငွေအဖြစ် ရောင်းချကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။