နိုင်ငံရေးအကျဉ်းသားများကို မြန်မာအစိုးရအနေဖြင့် မကြာမီအချိန်တွင်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဟီလာရီ ကလင်တန်က ယနေ့ညနေ နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။ ၎င်းက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် အစိုးရအနေဖြင့် စစ်မှန်သော ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း မြန်မာ အစိုးရအတွင်း ပြောင်းလဲချင်သူများ၊ ကြားနေများနှင့် ဆန့်ကျင်သူများဟူ၍ အုပ်စု ၃ စု ရှိနေသည်ဟု ယူဆကြောင်း ပြောသည်။ သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းမှ Myanmar Times နှင့် The Voice ဂျာနယ်၊ အမေရိကန် အခြေစိုက် The New York Times နှင့် The Wall Street ဂျာနယ်တို့ မေးမြန်းခွင့် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။