ဘယ်လာရုစ် နိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မီခေးလ် ဗီ မီယာစညီကိုဗစ် နှင့် ဇနီး ယမန်နေ့က မြန်မာနိုင်ငံ နေပြည်တော် သို့ ရောက် ရှိလာသည်။ ယင်း ဝန်ကြီးချုပ်၏ ၃ ရက်ကြာခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုရင်းနှီးရန်အတွက် လာရောက်သော ပထမအ
ကြိမ် ခရီးစဉ်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြန်မာ ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဘယ်လာရုစ် နိုင်ငံသို့ သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။