နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့ က နေပြည်တော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး၊ နယ်စပ်ဒေသများတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့်ရရေး များကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောကြားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။