အမေရိကန်၏ မြန်မာအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒကို တရုတ်နိုင်ငံကကြိုဆိုသည်ဟု ပြောဆိုမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ဟီလာရီ ကလင်တန်ကလည်း ကြိုဆိုကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။ ယနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ၎င်းတို့ ၂ ဦးတွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြား ရေး ဌာနက မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်ပြီး ကြိုဆိုကြောင်း ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။