ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S)နှင့် အစိုးရ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ယနေ့ တွေ့ဆုံ၍ အပစ် အခတ်ရပ်စဲရေး သဘောတူလိုက်သည်။ အစိုးရဘက်က ရှမ်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ နှင့် SSA-S ဘက်က ဗိုလ်ချုပ် စိုင်းလုတို့က သဘောတူလက်မှတ်ထိုးကြောင်း SSA-S နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြော သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။