• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခွဲထွက်နှင့် နုတ်ထွက် တချို့ NLD ပါတီသစ်ကို ပြန်ဝင်မည်

by လင်းသန့်
2 December 2011
in သတင်း
A A
1.5k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ခွဲထွက်ပြီး ပါတီသစ်တည်ထောင်ထားသူများ အပါအဝင် နုတ်ထွက်ထားသူတချို့သည် NLD ပါတီသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

NLD ပါတီမှ ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)နှင့် အမျိုးသား ဒီမိုကရေစီပါတီတို့မှ အဖွဲ့ဝင်တချို့မှာ NLDသို့ ဝင်ရောက်ကြမည်ဟု သိရသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
437
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
29
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
747
NLD မှတ်ပုံတင်မည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ပြန်ဝင်မယ့်သူတွေရှိလည်း ပြန်ဝင်ပေါ့ဗျာ။ ကျနော်တို့ကတော့ ပြောစရာမရှိပါဘူး၊ အခုအချိန်မှာ NLD ကလည်း ထင်ရှားတောက် ပ နေတာကိုး။ မိခင်ပါတီအပေါ် သံယောဇဉ် ရှိတဲ့သူတွေလည်း ရှိနေမှာပါ”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

သို့သော် ယခုအထိ NDF ပါတီဝင်များထဲက နုတ်ထွက်စာတင်သူမရှိသေးကြောင်း၊ ယခုကိစ္စမျိုးသည် တဦးချင်းကိစ္စဖြစ်ကြောင်း လည်း သူကပြောသည်။

NDF အနေဖြင့်လည်း ပါတီဖျက်၍ NLD နှင့် ပြန်လည်ပူးပေါင်းရန် အစီအစဉ်မရှိသေးကြောင်း၊ သို့သော် မဟာမိတ် ၁၀ ပါတီ အနေဖြင့် NLD နှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကိစ္စများအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ကြေညာထားကြောင်း ဦးခင်မောင်ဆွေက ဆက်ပြောသည်။

NDF ပါတီဝင် အမည်မဖော်လိုသူ တဦးကမူ“ကျနော်တို့ကတော့ နဂိုကလည်း NLD ဖြစ်ခဲ့တာ တကြောင်း၊ ကျနော်တို့ ယုံကြည် ခဲ့တဲ့ ရွေးကောက်ပွဲပြန်ဝင်မှာနဲ့ ပါတီ မှတ်ပုံတင်တာရှိလာပြီဆိုတော့ အခု ပါတီက ပြန်ထွက်ပြီး NLD ကို ပြန်ဝင်ဖို့ လုပ်နေပါတယ်”ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း“ကျနော်သိသလောက်တော့ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းတဲ့ လသာ ဦးကြည်မြင့်က ဂျာနယ်တစောင်မှာ ပြောတာ တွေ့လိုက်တယ်။ သူက NLD ထဲ ပြန်သွားမယ် ဆို တော့ သူ့ကိုယ်ပိုင် သဘောထားပဲလေ။ ဒါပေမယ့် သူက ကျနော်တို့ပါတီကနေ ထွက်စာမတင်ရသေးပါဘူး”ဟု ဧရာဝတီကို ပြော သည်။

ဦးကြည်မြင့်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း လသာမြို့နယ်မှလည်းကောင်း၊ ဦးသိန်းညွန့်သည် သင်္ဃန်း ကျွန်းမြို့နယ်ကလည်းကောင်း NLD ပါတီကိုယ်စားပြု၍ ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။

ဦးသိန်းညွန့်သည်၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်မှ NDF ပါတီကိုယ်စားပြုဝင်ရောက်ခဲ့ပြီး ယခုအခါ NDF မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီပါတီကို ဦးဆောင်တည်ထောင် ထားသူဖြစ်သည်။

ဦးသိန်းညွန့်က ပါတီဝင် ၁၀၀၀ ကျော်ဖြင့် အမျိုးသား ဒီမိုကရေစီပါတီကို ယမန်နေ့ကမှတ်ပုံတင်ခဲ့ကြောင်း၊ NLD ပါတီနှင့် မဟာ ဗျူဟာ အရ အတူတူဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ အမြဲလေးစားလျက် ရှိကြောင်း၊ သို့သော် NLD နှင့် ပြန်လည် ပူးပေါင်းရေးကို ပြန်သုံးသပ်နေကြောင်း ပြောသည်။

“အခုလိုအချိန်မှာ နိုင်ငံရေး စကားပြောရမယ့်အစား စည်းမျဉ်းစဉ်းကမ်းတွေ ပြောလာတဲ့အခါကျတော့ ကျနော့်ဘက်က ပြန် လည်ပူးပေါင်းမယ့် အစီအစဉ်ကို ပြန် သုံးသပ်နေပါတယ်”ဟု ဦးသိန်းညွန့်က ပြောသည်။

ဦးသိန်းညွန့်က ဆက်လက်ပြီး “နှစ်ဦး နှစ်ဘက် တွေ့ပြီး နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုရင် မူလ အဖွဲ့ချုပ် စိတ်ဓာတ် နဲ့ မူလအဖွဲ့ချုပ်ပုံစံ အပေါ်မှာ ကျနော့်ဘက်က လက်တွေ့ကျတဲ့ အလုပ်လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် လေးစားတာကြောင့် သူဝင်မယ့် နေရာမှာ ကျနော့် ပါတီက မဝင်ပါဘူး။ သူ့တဦးချင်းကိုတော့ ကျနော်တို့ ထောက်ခံပါတယ်”ဟု ဆိုသည်။

သို့သော် ဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်သန်းသန်းနုကမူ ၎င်းတို့ပါတီမှ NLD ပါတီသို့ ကူးပြောင်းမည့် ပါတီဝင် မရှိသေးကြောင်း၊ ယခုအခါ နိုင်ငံရေးပါတီတချို့တွင် NLD သို့ကူးပြောင်းကြမည် ဆိုသည်ကို သက်ဆိုင်ရာ ပါတီများက တရားဝင် ထုတ်မပြောသော်လည်း ကောလာဟလ အနေဖြင့်ကြားနေရကြောင်း ပြောဆိုသည်။

“ပါတီဖျက်ပြီး NLD ပြန်ဝင်မယ်ဆိုရင် သက်ဆိုင်ရာပါတီနဲ့ လက်ခံမယ့် NLD ပါတီတို့ရဲ့ ပါတီနဲ့ ပါတီခေါင်းဆောင်ပိုင်းတွေ နှစ် ဦး နှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှ ဖြစ်မယ်လို့ ကျမထင်တယ်”ဟု ဒေါ်သန်းသန်းနုက ဆက်ပြောသည်။

NLD မှ ထုတ်ပယ် ခံထားရသူများနှင့် ထွက်ထားကြသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် တချို့နှင့် အခြားသောနိုင်ငံ ရေး ပါတီတချို့မှ ပါတီဝင်များစွာလည်း ယခု ပါတီသစ်အဖြစ် မှတ်ပုံတင်ထားသည့် NLD သို့ ဝင်ရောက်ကြမည်ဖြစ်ပြီး တချို့မှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲသို့လည်း ယှဉ်ပြိုင်ရန် ရှိကြောင်းသတင်းများ ထွက်ပေါ်နေသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ဥက္ကဌဟောင်း ကိုဖြိုးမင်းသိန်းကလည်း“ကျနော်ကတော့ NLD ပါတီက ရပ်တည်လှုပ်ရှားသွားမယ်။ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စကိုတော့ သေချာ မပြောနိုင်သေး ပါဘူး”ဟု ပြောသည်။

ပြန်လည် မှတ်ပုံတင်ထားသည့် NLD ပါတီသည် ပါတီဝင် ၁၀ သိန်း လက်ခံနိုင်ရန် ပြင်ဆင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် သည် လည်း ပါတီဝင်အဖြစ် အသစ်ပြန်လည်လျှောက်ထား ဝင်ရောက်မည်ဟု ဆိုသည်။

NLD သည် တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က ဆုံးဖြတ်ချက်ချခဲ့သည်။

ထို့နောက် NLD ပါတီကို ပြန်လည်မှတ်ပုံတင်ရန် ပါတီ ဦးဆောင်သူ၂၁ ဦး အမည်စာရင်းဖြင့် ပါတီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်သို့ သွားရောက် လျှောက်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လူငယ်နိုင်ငံရေးသမားများကိုလည်း လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်သင့်ကြောင်း တိုက်တွန်းပြောကြားထားပြီး ကိုယ်တိုင်လည်း ဝင်ရောက်ရန်ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။

Your Thoughts …
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
93.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ပီကင်းနှင့် ဝါရှင်တန်၏ ခြားနားသည့် မြှုပ်နှံမှု

နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် လူမှုကူညီသူများကို ဟီလာရီ တွေ့ဆုံ

နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် လူမှုကူညီသူများကို ဟီလာရီ တွေ့ဆုံ

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.5k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate