ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတားကို မြန်မာ အစိုးရ က တနှစ်ခွဲခန့်ပိတ် ထားရာမှ ယနေ့နံနက် ၇ နာရီခွဲခန့်က တရားဝင် ပြန်လည်ဖွင့်လှစ်သည်။ တံတားကို နှစ်နိုင်ငံ နယ်ခြားကော်မတီ တာဝန်ရှိသူများက ဖွင့်လှစ်ပေးလိုက်ရာ ကုန်စည်ပို့ဆောင်သည့် ယာဉ်များ အပြန်အလှန်ပြေးဆွဲလျက်ရှိပြီး မြဝတီရှိ ခရီးသည် ပိ့ု့ဆောင်ရေး ယာဉ်များလည်း မြဝတီ-မဲဆောက်ခရီးစဉ် ကို ပြေးဆွဲနေပြီဖြစ်သည်။ တံတားကို ယမန်နှစ် ဇူလိုင်လအတွင်းက စတင်ပိတ်ထားခြင်း ဖြစ်ပြီး ထိုင်းကုန်သည်များဘက်က လစဉ် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့် ဆုံးရှုံးမှုရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။