ဒီမိုကရက်တစ် အင်အားစုပါတီများ စုပေါင်း ဖွဲ့စည်းထားသည့် ၁၀ ပါတီ မဟာမိတ်အဖွဲ့နှင့် မဟာမိတ်အဖြစ် ပူးပေါင်းရန် လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)ပါတီ မှ ကမ်းလှမ်းသည့်အတွက် ဆွေးနွေးပွဲ တခုကို ယမန်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကြံ့ဖွံ့ပါတီ၏ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းနှင့် မဟာမိတ် ၁၀ ပါတီမှ ပါတီခေါင်း ဆောင်များ တွေ့ဆုံခဲ့ကြကြောင်း၊ ၁၀ ပါတီ မဟာမိတ်အဖွဲ့၌ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်(RNDP )၊ ရှမ်း(SNDP) စသည့် ပါတီများ ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။