ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့က မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက် ရှိနေသည်။ ၎င်းနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အဆင့်မြင့်အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံ ကုန်သွယ် စီးပွားရေး ကဏ္ဍ မြှင့်တင်ရန် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းကလည်း မြန်မာ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီးစိုးဝင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။