နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ပထမဆုံးနိုင်ငံခြားသံရုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်သံရုံးကို ဆောက်လုပ်ဖွင့်လှစ်ရန် ယမန် နေ့ မွန်းလွဲပိုင်းက ပန္နက်တင် အခမ်းအနား ကျင်းပပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှင့် မြန်မာ ဒု နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မျိုးမြင့် တို့ တက်ရောက်သည်ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။ ဒက္ခိဏသီရိမြို့နယ်တွင် သံတမန်ဇုန်အဖြစ် သံရုံးများကို နေရာပေးရန် ပေ ၅၀၀ ပတ်လည်မြေကွက် ၁၂၀ ဖော်ထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။ ရှိတ်ဟာဆီနာသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၅ ရက်နေ့က ရောက်ရှိနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။